Warmly Welcome to Karen State

We are proud of Zwekabin in Pha-an, Karen State, Myanmar.

The Tradition and Culture of Karen National

This is presented for our Karen People's tradition and culture.

Warmly Welcome to Karen State

We are proud of Zwekabin in Pha-an, Karen State, Myanmar.

Than Lwin River is like to the life of our Karen People.

Than Lwin River is like to the life of our Karen People.

The see sight of our Karen State

The pay-greed field can be seen in the our home land, Karen State.

Monday, October 8, 2012

KAREN PEOPLE IN TASMANIA

The Karen people are indigenous to Burma (Myanmar) and Thailand. They are one of the main ethnic groups in Burma; in Thailand they are described as a hill tribe. Why is this the case? Probably, because although there are Karen people in Thailand and Burma who live simply in villages in the mountains, there are also many Karen people living in towns and cities in Burma. (It might also have something to do with the long-running war/insurgency the Karen have been involved in in Burma for 50+ years, but I’m not going to speak any more on that topic.) Karen people have a strong sense of history that they trace back over 2700 years. They speak several related languages which are quite different from other langauges in the region. They have their own distinctive culture, customs, traditions, and festivals.

Thursday, August 30, 2012

ဖႜုံဆိုဒ်ဖေါဟ်လာခုဂ်ခါင်ၟစူး

ဖႜုံဆိုဒ်ဖေါဟ်လာခုဂ်ခါင်ၟစူ်းအု်ထာ်္ဘံင်ယိုဝ်အေအင်းဃှူ့သှေ်ယာ့ဍ၀်စာ်္ဘိုဝ်ဖႜုံဆိုဒ်ဖေါဟ်င်္သီးအှ်ထံင်ၟမံင်
ဂိုဝ်လီးယးဆ်ုထင်းထ၀့်ခေါဟ်လံင်ခေါဟ်ဍာဏှ်ယိက်မူၟလာထ၀့်လင်ဖေါဟ်လင်လီကါင်ဖါထင်းသာမောဝ်ၟထာ်
လီၟခ၀့္ဖါၟထာ္လီခ၀့္ဟွံင္ဖႜဳံဆုိဒ္ဆေဖါဟ္သီးအးထင္းေ၀့လွ္။ဖႜုံဆိုဒ်ဖေါဟ်သီးအှ်အးထင်းလု္ဘႜင်စာင်း
ဖါယာင်ထင်းဍေမောဝ်ဖါၟဖီ့ဖူ့လေ၀်အှ်ဍိင်ဍေမံင်ဂိုဝ်ဆိုဒ်ဖေါဟ်ထိုင်ၟတ်ုရုဂ်ဆိုဒ်ဖေါဟ် ကႜာ အးထင်းဏှ်တာၟ
မောဝ်ၟဖါၟ ဖီ့ဖူ့သယ်က်ုတ၀်္ဘးဖေါဟ်လီမ်ုဆိင်းပြာလင်ဖါဏှ်လှ်။

္ဘေ့တ်ုရုဂ်ဆိုဒ်ဖေါဟ်သယ်လာခုဂ်ဖိုင်ဆ်ုဆိုင်ခါ့လ်ုဏိင်းလု္ဘႜင်ဍေဖေါဟ်လီသယ်ဟှယ့်ထာင်ကုံ္ဘါပူဇၜဆိုင်ဖူ့ဖီ့
ဝီးလာဍေဆ်ုဖူ့ဆ်ုဏးသယ်သိုဝ်ဖႜုံဆိုဒ်ဖေါဟ်လ်ုဖးသီးလ်ုဏိင်းလု္ဘႜင်လာခုဂ်ဆ်ုဆိုင်ခါ့ဏှ် ကောဝ်ကုံဏေ၀်ၟဖေါဟ်
လီ ယှောတ်ထာင်ဝီးလာ ခါင်ၟဖှေ်ထါင်အ်ုစူး လ၀်မာလုက်အင်းသံင်းဆ၀့်ပ၀်မိင်ဝေ့လှ်။
ကိုဝ်ဏိင်းဍေကိုဝ်ဏိင်းဍေ လာခုဂ်ဖိုင်ဆ်ုဆိုင်ခါ့ကိုဝ်ကုံဏေ၀်ၟဖေါဟ်လီဍောဟ်ထောဟ်လာ ခါင်ၟကုံဖှေ်စူး လ်ုဏိင်းလု္ဘႜင် လ်ုဏိင်းလု္ဘႜင်ဏှ် ကိုဝ်ဏေ၀်ၟမိင်ဝေ့ လာခုဂ်ခါင်ၟစူး အှ်လင်ထေံ လင်ဖေါဟ်လင်လီအ်ုထ၀်ထ၀် လင်ဖေါဟ်လင်လီခံင်ၟ္ဘိုဝ်ဏါင်းယိုဝ်ဍ်ာလှ်။

ဆ်ုဆိုင်ခါ့လာခုဂ်ဖိုင်ကိုဝ်ကုံဏေ၀်ၟဖေါဟ်လီဍောဟ်ထောဟ်လာခါင်ၟဖှေ်စူးအင်းသံင်းဆ၀့်ပ၀် လ၀်ဏင်းထင်းဖေါဟ်လီ ဆ်ုမူ့လာၟ ရာဓနာၟဖှေ်မိင်ဝေ့အ်ုခေါဟ်ကျံင် လာခုဂ်ခါင်ၟစူးဏှ် ကိုဝ်ကုံဖေါဟ်လီအင်းသံင်းဆ၀့်ပ၀်ပျ ဍင်းလ်ုထီးဏှ် ထုင်းထေံမိင်ဏီ့ကုဂ် ကဲထင်းမိင်လာခုဂ်ခါင်ၟစူးမွဲာဝေ့လှ်။


လာခုဂ်ခါင်ၟစူး ဍောဟ်ထောတ်နောတ်ဝး ယှောတ်ဝီးလာ အင်းသံင်းဆ၀့်ပ၀်ပျဝေ့ဍးဏှ်ဟှး---ပြႜူးလာဟှယ့်ထာင်ဟှယ့်ထာင် ဟှယ့်ထာင်အှ်လုဟှိင်း၊ဟှယ့်ထာင်အှ်ဍေဖူၟ၀ဲါ၊ ဟှယ့်ထာင်အှ်ဍေထီဍေသိုဝ်၊ ဟှယ့်ထာင်အှ်လ်ုဍုံတ်ုဝါန့်၊ အှ်္ဘးခေါဟ်လံင်ဆုဂ်လ်ုဃှေဝ်၊ အှ်္ဘးမိင်လကႜာလ်ုဃှေဝ်၊ အှ်္ဘးသွးခေါဟ်လံင့်ထ်ာလုဃှေဝ်၊ အှ်္ဘးဍုံလင့်ဖင့်ကျာလ်ုဃှေဝ်၊ ဏယ်မိင်လ်ုဃှေဝ်၊ ဏယ်ဖႜိုဝ်လ်ုဃှေဝ်၊ ဟှယ့်ထာင်အှ်ကုံ၊ ဟှယ့်ထာင်အှ်ရုံ့ လ်ုဟှိင်းလ်ုဃှင့်၊ ဟှယ့်ထာင်အှ်ဍေမောဝ်ၟဖါၟဖူၟ၀ဲါ ကိုဝ်ဆိုဝ်ဍေ ပႜူးလာဟှယ့်ထာင်ဟှယ့်ထာင်---ဋ္ဋဋ္ဋ
မ်ုခါင်ၟစူးဏှ်ဍ၀် ခွါဖိုင်ဏှ်တါင်လင်ဝေ့ဍး မေ၀်ထုံဍူး နုဦ့ဍူး၊ မေ၀်အာင်ထံင်နုဦ့္ဘံင်း၊ သာကဲုသးနုဦ့ဖႜုံး၊ ဆီ့ဖေါတ်နုဦ့ကုဂ်၊ ဖ၀့်ဝီၟလးနုဦ့ထာင်၊ လူးအွာယာင်နုဦ့ယာင်၊ ထီ့လ်ုထွယ်ခုံနုဦ့မိင်ဏှ်လှ်။ ခါင်ၟစူးဟှင်ၟ္ဘးဆူ့လင်နုဦ့မိင်ဍုဂ်ပါင်ဏှ် မွ္ဘဲားဏှ်လယ့်စာ်္ဘိုဝ် ကောဝ်ကြင်ဟ်ုမႝီဟ်မူးခွါ့လုက်ဆိင့်လ်ုဖး အှ်ဝေ့ဍးမူၟနုဦ့မူၟ အ်ုခေါဟ်ကျံင်ပါလၜလင်ဝေ့ ဟ်ုနုဦ့မူး ဟ်ုနုဦ့ခွါ့ နုဦ့ဟှာဏှ်လှ်။
မေ၀်ထုံးဍူးနုဦ့ဍူး၊ မေ၀်ထံင်နုဦ့ထံင်သယ်ဏှ်ဍ၀် မွဲာဝေ့ဍးဝီ့လာနုဦ့ဟှာ ဟ်ုစာ်မေံသးဆ်ုသှေ်ယာ့-စက္ခုဝိညာဏ်၊ ဏာၟဆ်ုသှေ်ယာ့-သောတ၀ိညာဏ်ၟ ဏါ့ဆ်ုသှေ်ယာ့-ဃာန၀ိညာဏ်၊ နိုဝ်ဖေႜ၀်ဆ်ုသှေ်ယာ့-ဇိဝှါဝိညာဏ်၊ ဏင့်ဆာၟဆ်ုသှေ်ယာ့-ကာယ၀ိညာဏ်၊ သာဆ်ုသှေ်ယာ့- မနောဝိညာဏ်၊ သုင်းသာဆ်ုသှေ်ယာ့-မနောဝိညာဏဌိတိနုဦ့မိင်ဏှ်လှ်။
၁။္ဘေ့မေ၀်ထုံၟဍူးအှ်ကုံဆိက်ပႝိက်သိုဝ်၊ ဖေါဟ်လီလ်ုဖးအှ်ကုံအှ်ရုံ့ သၞ၀့်ဃှူ့ဃှင် အှ်တုတွယ်စူးဆိက်ပႝိက်လာကိုဝ်ၟ္ဘႜင်ဍေ။
၂။္ဘေ့မေ၀်ထံင်ဏီ့္ဘံင်း ကထိက်သာသိုဝ် မောဝ်ၟထ်ါဖါၟထ်ါဖေါဟ်လီဏီ့ခ၀့်လ်ုဖး လင်ဖါဆိင်းပြာလ်ုဃှေဝ်၊ အှ်ကာထိက်ကိုဝၟ်ဆိုဝ်ဍေ။
၃။္ဘေ့သာကဲုသးသိုဝ် ထိုင်ဖူ့ဝဲါမောဝ်ၟထ်ာဖါၟထာ် လ်ုဖး အဲကဲုလောတ်သာ၊ သာကဲုလောတ်သာ၊ သာထိင်ၟလောတ်သာ သုင်းသာဆာင်းက်ါလုအှ် သုင်းသာဆိုင့်လာၟကိုဝ်ၟ်္ဘႜင်ဍေ။
၎။္ဘေ့ဆီ့ဖေါတ်သိုဝ် မဲထင်းလ်ုမေံထါ် လင်ထေံလ်ုအိုဝ် အ်ုဝီၟလင်လ်ုအိုဝ် အ်ုလးထင်း အ်ုဖေါဟ်ထင်းဆေ၀်အ်ုဖေါဟ်ဍောဟ်ယှာၟထင်း ဟူၟထင်းဝေ့ကိုဝ်ၟ္ဘႜင်ဍေ။
၅။္ဘေ့ဖ၀့်ဝီၟသိုဝ် ဍိင်ၟယိက်ထင်း ဍိင်ၟနိုင့်မိုင့်ထင်းသိုဝ် ဖေါဟ်လီမောဝ်ၟထ်ာဖါၟထ်ာလုဖး ဍိင်ၟယိက်ထင်းလင်ဖေါဟ်လင်လီ ထ်ုယ၀်ၟပြာထာ အ်ုရၜနိုင့်မိုင့်လာၟဝေ့ကိုဝ်ၟ္ဘႜင်ဍေ။
၆။္ဘေ့ထီ့ခႜိင်းသိုဝ် ဖေါဟ်လီ မောဝ်ၟထာ် ဖါၟထ်ာသယ်လ်ုဖး အှ်ဆံင်းအှ်ခႜါင့်ယှူးခႜိင်း္ဘှ်ယ၀့်လာၟကိုဝ်ၟဆိုဝ်ဍေ။
၇။္ဘေ့လူးအွာသိုဝ် မောဝ်ၟထာ် ဖါၟထာ် ဖေါဟ်လီလ်ုဖး သုင်းသာဟှေဝ်အွာလာၟ ကိုဝ်ဟှာဍေ၊ ဆ်ုဖါ်ဆ်ုမာလ်ုအုဟှေဝ်အွာဏှ် မာပ္တံင်ကဲလာၟဆ်ာကိုဝ်ၟဆိုဝ်ဍေ။

ဍောဟ်ထောတ်နောတ်ဝး ယှောတ်ဝီးလာဟှံင် သုင်းကေသာယှာၟ မောဝ်ၟဍောဟ်၊ မာန်ထ၀့်ဟှာၟထိက်လင်ဏေ၀်ၟလူးယာင်ခွထင်းစူးခေါဟ်ဆောတ်ဖးရာဓနာၟခါင်ၟဖှေ်စူးဏှ်လှ်။ ပြႜူးလာဟှယ့်ထာင်ဟှယ့်ထာင် အှ်္ဘးခေါဟ်လံင်ဆုဂ်လ်ုဃှေဝ်၊ အှ်္ဘးမိင်လးကႜာလ်ုဃှေဝ်၊ အှ်္ဘးသွးခေါဟ်လ်ုဃှေဝ်၊ အှ်္ဘးလံင့်ထ်ာလုဃှေဝ်၊ အှ်္ဘးဍုံလင့်လ်ုဃှေဝ်၊ အှ်္ဘးဖင့်ကျာလ်ုဃှေဝ်၊ ဏယ်ဖႜိုဝ်လ်ုဃှေဝ်၊ ဏယ်မိင်လ်ုဃှေဝ်၊ ဏယ့်္ဘးဏင်ၟလ၀်လ်ုဃှေဝ်၊ ဏယ်္ဘးဏင်ၟခႜၜလ်ုဃှေဝ်၊ ဏယ်္ဘးခႜုံးဆာင်းလ်ုဃှေဝ်၊ ဏယ်္ဘးကျာမာန်လ်ုဃှေဝ်၊ ဟှယ့်ထာင်လ်ုဍုံ၊ ဟှယ့်ထာင်လ်ုတုဝါန် ဟှယ့်ထာင်လ်ုဟှိင်း၊ ဟှယ့်ထာင်လ်ုဃှင့်၊ ဟှယ့်ထာင်အှ်ဍေမောဝ်ၟ၊ ဟှယ့်ထာင်အှ်ဍေဖါၟ၊ ဟှယ့်ထာင်အှ်ဍေဖူၟ၀ဲါ၊ ဟှယ့်ထာင်အှ်ဍ္ဘေုဂ်ထိင်ၟဆာင့်ဆာ၊ ဟှယ့်ထာင်ဍေထီသိုဝ်၊ ဟှယ့်ထာင်သုင်းဃှဲု့သာယွာ၊ ဏင့်ဆာၟဆံင်းခႜာင့်၊ အာင်းလုံၟထေံဖါ၊ အာင်းထာထေံ၊ဆံင်း္ဘေ့ခႜီး ဖႜဳိ၀္ေ႓့ဖႜာၟ၊ ဟှယ့်ထာင်ဆောတ်စေ၀်၊ ဟှယ့်ထာင်ဆောတ်ဓံင့်၊ ဟှယ့်ထာင်ဆောတ်မႝိက်သိင်လာ့၊ဟှယ့်ထာင်ဆောတ်ဆ်ုသှေ်ဆု္ဘး၊ ဟှယ့်ထာင်ဟှယ်ဆ်ုဖါ်ဆ်ုမာ၊ ဟှယ့်ထာင်ကုက်က်ုလုံ့ကါင်ကာ၊ ဟှယ့်ထာင်ပ္တံင်ဆ်ုဖါ်ဆ်ုမာ၊ ဟှယ့်ထာင်တာင်ဍောဟ်မောဝ်ၟဖါၟ၊ ဟှယ့်ထာင်တါင်ဍောဟ်ဟှိင်းဃှင့်၊ ဟှယ့်ထာင်တာင်ဍောဟ်ဍုံတ်ုဝါန့်၊ ဟှယ့်ထာင်တာင်ဍောဟ်အ်ုဆိုဒ်အ်ုဆ ကဲလာၟဝေ့ဆ်ာကိုဝ်ၟ္ဘႜင်ဍေ---ဋ္ဋဋ္ဋ
ပျုင်းထေံခွိက်လူးထိုဝ်ဟှံင် အင်းမာဏေ၀်ၟ မေ၀်လ်ုစယ်၊ မေ၀်အာင်၊ သာကဲုသး၊ ဆီ့ဖေါဟ်သယ် ဍေလူးထိုဝ်ဏှ် ဆောဟ်ဖးပျးဝေ့--- ပျြူးလာဟှယ့်ထာင်၊ဟှယ့်ထာင်အှ်လုခေါဟ်ထီးခေါဟ်ဍံင်ယိုဝ် ခေါဟ်အွာယင်ၟလူးထိုဝ်ဋ္ဋဋ္ဋဍီးထင်းဝေ့မေ၀်သယ် ခေါဟ်ဍံင်လံင်ဏှ်ဟှံင် ခါင်ၟစူးဟှံင်ဝေ့ဍးလှ်။ဖႜုံဆိုဒ်ဖေါဟ်သီး လ်ုဏိင်းလု္ဘႜင် လာခုဂ်ဖိုင်ကိုဝ်ၟဍုံတ်ုဝါန့်ဍေ ခါင်ၟကုံစူးယှောတ်ဝီးလာဆ်ုပုယောတ်ဏှ်လုဏိင်းလု္ဘႜင်ဍုးကုံလောဟ်သာဖေါဟ်လီဟှယ့် ထာင်ကုံဏှ် အှ်လာၟအေဃှူ့ဃှင် အှ်လာၟသုင်းအေဟှေဝ် သာအေဖါန် ဆ်ုဟှယ့်လ၀် ဆ်ုဟှယ်လယ်ဏှ် ဏယ်လ်ုဃှေဝ် ပျးလာၟမောဝ်ၟဖါၟထူ့ရူ့မုင်ၟ္ဘျာ ကေႜစိုဒ်ကုက်လာၟက်ုလုံ့ကါင်ကာ ဍောဟ်ယှာၟထင်းထ၀့် ယုက္ထ၀့္လာၟ ထံင္သာယွာၟေခါဟ္အြာ အင်းသံင်းဆ၀့်ပ၀် လ၀်ဟှိုင့်ဖေါဟ်လီရာဓနာၟဖှေ်ဝေ့မွ္ဘဲာိုဝ်လှ်။
မောဝ်ၟဖါၟသုင်းကေသာယှာၟလ်ုဖး အင်းသံင်းဆ၀့်ပ၀်လ၀်ဟှိုင့်မာလုက်ဝယ် ဖေါဟ်လီ စူးခေါဟ်လံင်ခါင်ၟဖှေ်ဍေလူးအွာ လ်ုဏိင်လု္ဘႜင် လာခုဂ်ဖိုင်ကိုဝ်ၟဏိင်းဍေဏှ် ကဲထင်းဝေ့လာခုဂ်ခါင်ၟစူး လင်ဖေါဟ်လင်လီ အ်ုထ၀်ထ၀် အှ်လင်ထေံဏေ၀်ၟမိင်ဝေ့ ထူရူ့လ်ုမိင်ဏှ်လှ်။
စ၀်အဲဆိုဒ်(္ဘုံးက်ုတိက်)

မျိုးချစ်သူတို့ရဲ့နှလုံးသား

“သင့်လူမျိုးကို သင်ချစ်ပါသလား’ ဟု အမေးရောက်ခဲ့ပါလျှင် ကိုယ့်လူမျိုးကို ကိုယ်ချစ်ပါသည် ဟု
အလွယ်တကူ ဖြေဆိုကြပေလိမ့်မည်။ အမှန်တကယ် မျိုးချစ်သောသူသည် ဘာသာ၊သာသနာနှင့်တကွ ဘာသာစကား၊စာပေ၊ယဉ်ကျေးမှု၊ ရိုးရာဓလေ့များမှ အစ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုများကိုပါ
ထိန်းသိမ်းဖော်ထုတ် စောင့်ရှောက်ရမည့် တာဝန်ရှိသူ ဖြစ်ရပါမည်။

လူမျိုးတစ်မျိုးတွင်
၁။သီးခြားရုပ်သွင်၊
၂။သီးခြားဘာသာစကား၊
၃။သီးခြား ယဉ်ကျေးမှု ဓလေ့စရိုက်၊
၎။သီးခြားစာပေ၊
၅။သီးခြားနယ်မြေ၊ ဟူသော အင်္ဂါရပ်များနှင့် ပြည့်စုံရမည်။မြန်မာနိုင်ငံအတွင်း နေထိုင်ကြကုန်သော တိုင်းရင်းသားများတွင် ကရင်လူမျိုးဟူ၍ သတ်သတ်မှတ်မှတ်ရှိသည်။ကရင်ပြည်နယ်ဟု လည်းသီးခြားရှိသည်။ ကရင်လူမျိုးတို့သည် မြန်မာပြည်အနှံ့ ပြန့်ပြောစွာ ရောက်ရှိနေထိုင်ကြလျက် စုစည်းမှု အားနည်းကာ ၀ါးအစည်းဖြေသကဲ့သို့ တကွဲတပြားစီ ရှိနေကြပေသည်။ တဖြည်းဖြည်းနှင့် မိမိလူမျိုး၏ ဘာသာစကား ရိုးရာဓလေ့ စရိုက်များသာမက မိမိစာပေကိုပင် ပေါ့တန်စွာ မေံလျော့နေကြပေပြီ။
စာပေသည် လူမျိုး၏ အသက်ဖြစ်၏၊



စာပေပျောက်လျှင် လူမျိုးပျောက်မည်မှာ အမှန်ပင်။မိမိလူမျိုး၏စာပေကို ထိန်းသိမ်းမြှင့်တင်ရမည်မှာ မိမိအမျိုးသားထု တစ်ရပ်လုံး၏ သမိုင်းပေးတာဝန်တစ်ရပ် ဖြစ်ပါသည်။
ကရင့်စာပေ ရေစီးကြောင်းကို ကြည့်လျှင် မျိုးဖျက်သူတို့၏ လက်ချက်ကြောင့် အတက်အကျ အကောက်အကွေ့များသာမက မြစ်လက်တက်များသဖွယ် ကွဲကွာဖြာထွက် စီးဆင်းနေရသည်။ သို့ကြောင့်လည်း ကရင်လူမျိုးတို့ တိုးတက်များပြားလာသလောက် ကရင့်စာပေမှာ လုံးပါးပါး နောက်ကျကျန်ရစ်နေရဆဲပင် ဖြစ်ပါသည်။
ကရင့်စာပေသမိုင်းတွင် ခရစ်ယာန်သာသနာပြု (မစ်ရှင်)တို့၏ အခန်းကဏ္ဍသည် အရေးပါ၍ ထင်ရှားလှသည်။ ကရင်လူမျိုးတို့သည် ခရစ်ယာန်သာသနာပြု(မစ်ရှင်)များ မရောက်မီကတည်းက ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါသည်။ခရစ်နှစ် ၁၈၅၁-နှစ်က အလင်္ကာများဖြင့် တန်ဆာဆင် ဖွဲ့ဆိုလာသော ရှေးဟောင်းကရင်စာပေဖြင့် ရေးသားထားသည့် သိဒ္ဓတ္ထ၀တ္ထုဂန္ထ၀င်ကျမ်းကြီး ပေါ်ထွက်ခဲ့သည်ဖြစ်၍ ပိဋကတ်သုံးပုံတည်းဟူသော စာပေမှ ကရင့်စာပေသည် ဆက်နွယ်သက်ဆင်းခဲ့သည်မှာ ယုံမှားဖွယ်မရှိပါ။ ကရင့်ရှေးစာပေများမှ လည်း ပေရွက်ဖြင့်သာ ရေးသားထားသည်ဖြစ်၍ ပေါပေါများများ မရှိခြင်းသာ ဖြစ်တန်ရာ၏။နှစ်ခြင်းခရစ်ယာန်သာသနာပြု ဆရာကြီး ယုဒသန်၏ (၁၈၃၁-၃၂)ခုနှစ် အစီရင်ခံစာတွင် `ကရင်များသည် ဗုဒ္ဓဘာသာ အယူဝါဒကို လက်ခံထားပြီုးဖြစ်၍ ခရစ်ယာန်ဘာသာသို့ ပြောင်းလဲရန် အလွယ်တကူ ဟောပြော၍ မရနိုင်ပါ` ဟုရေးသားခဲ့သည်။(၁၈၃၅)ခုနစ် အစီရင်ခံစာ၌ ကရင်တွင် ကရင်အက္ခရာဖြင့် စာရှိကြောင်း ၀န်ခံ၍ မည်သို့ ပျောက်ကွယ်အောင် လုပ်ရမည့် အရေး
အခက်ကြုံနေရသည်ကို ဘင်္ဂလား အစိုးရထံ တင်ပြခဲ့ပေသေးသည်။
ခရစ်ယာန်သာသနာပြု ဆရာကြီးများသည် ကရင်လူမျိုးတို့၏ အမျိုးသားရေးကို ငဲ့ကွက်မှု မထားဘဲ
မိမိလုပ်ငန်း အောင်မြင်ရေးနှင့် ပုဂ္ဂိုလ်ရေးကျော်ကြားမှုကို ရှေ့တန်းတင်ကာ မစ်ရှင်ဆရာကြီး
(၀ိတ်)ဆိုသူက ၁၈၃၂-ခုနှစ်တွင် မြန်မာအက္ခရာနှင့် စကောကရင် သင်ပုန်းကြီးကိုလည်းကောင်း၊၁၈၄၄-ခုနှစ်တွင် (ဘရေတန်)က မြန်မာအက္ခရာသုံး၍ ပိုးကရင် (အနောက်)သင်ပုန်းကြီးကို တီထွင်ပြုစု ပို့ချခဲ့ကြသည်။ထိုမျှ အားမရသေးဘဲ ဒေါက်တာ ၀ိတ်သည် ၁၈၄၇-ခုနှစ်တွင် ရောမအက္ခရာနှင့် မြန်မာအက္ခရာသုံး၍ ပိုးကရင် (အနောက်) သင်ပုန်းကြီး မူသစ်ကို တီထွင်သင်ကြား ပို့ချလိုက်ပြန်သည်။ဤသို့သော မစ်ရှင်ဆရာကြီးများ၏ တီထွင်ပေးခဲ့ကြသည့် စာသစ်များ၊ စာရေးနည်းမူကွဲများကြောင့် ကရင်လူမျိုးအချင်းချင်း စိတ်ဝမ်းကွဲပြားမှုများ၊ ဂိုဏ်းဂဏစိတ်ဓာတ်များ ဖြစ်ပေါ်စေပြီး ကရင်အမျိုးသား စည်းလုံးညီညွတ်မှု အားလျော့လာစေခဲ့ပါသည်။ဗုဒ္ဓဘာသာ ကရင်ဘုန်းတော်ကြီးများ၊ အဆက်ဆက်ထိန်းသိမ်းလာခဲ့သည့် ကရင်စာပေသည်လည်း ရှိပါပေ၏။ ထိုသို့ ကွဲပြားနေသည့် ကရင်စာပေများသည် မျိုးချစ်ကရင် မျိုးဆက်သစ်များမှ လက်ဆင့်ကမ်း၍ မိမိဒေသအလိုက် တတ်အားသမျှ သင်ကြားပို့ချခြင်းများ ယနေ့ထက်တိုင်အောင်ပင် ရှိနေပေသေးသည်။ဗုဒ္ဓပိဋကတ်တော်များကို မှီ၍ မွန်၊မြန်မာစာတို့ ဖြစ်ထွန်းသကဲ့သို့ပင် ရှေးကရင်စာပေ အစစ်အမှန်သည် ဗုဒ္ဓဘာသာနှင့် ဆက်နွယ်နေမည်မှာ ဧကန်မလွဲပါ။
မည်သို့ပင် ရှိစေ တစ်သီးတစ်ခြား ကွဲပြားစီးဆင်းနေကြသည့် မြစ်လက်တက်များသည် ပင်မမြစ်မကြီးကို ပစ်ခွါသွား၍ မရသကဲ့သို့ ကရင်အမျိုးသားတို့၏ မျိုးချစ်စိတ်ဓာတ်တည်းဟူသော မြစ်မကြီးဖြင့် ကရင့်စာပေ ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းများတွင် ခိုင်ခိုင်မာမာ မားမားမတ်မတ် ရပ်တည် ရှင်သန်သွားရပေမည်။စစ်မှန်ဖြောင့်မတ်သော မျိုးချစ်သူတို့၏ အမျိုးသားရေးစိတ်ဓာတ်သည်
မိမိအမျိုးသား၏ ဘာသာစကား၊စာပေယဉ်ကျေးမှုကို ချစ်မြတ်နိုးနိုင်ရမည်။သို့မှသာ မိမိကရင်စာပေယဉ်ကျေးမှုများ အစဉ်ထာဝရ တည်တံ့နိုင်မည် ဖြစ်ပါသည်။ ယခုအချိန်ကာလသည်
လူမျိုး အစုလိုက်သော်လည်ကောင်း၊ လူတစ်ဦးချင်းသော်လည်းကောင်း (၁)ဒါနသင်္ဂဟ-တစ်ဦးနှင့်တစ်ဦး ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ ပေးကမ်းချီးမြောက်ထောက်ပံ့ခြင်း၊(၂)ပိယသင်္ဂဟ- ကောက်ကျစ်စဉ်းလဲလိုစိတ်မရှိကြဘဲ ဖြောင့်မတ်တည်ကြည်သည့် ချစ်ဖွယ်သောစကား၊
အပြုသဘောဆောင်၍ လက်တွေ့ကျသော စာပေရေးကားခြင်းတို့ဖြင့် ပြောဆိုရေးသားခြင်း၊
(၃)အတ္ထသင်္ဂဟ- ပညာရေး၊ကျန်းမာရေး၊စီးပွါးရေး စသည့် အကျိုးစီးပွါးဟူသမျှ တစ်ဦးကို တစ်ဦးလမ်းပြခြင်း၊ညွန်ကြားပေးခြင်း၊(၄)သမာနတ္ထသင်္ဂဟ- စားဝတ်နေရေး ကစ္စအ၀၀ကို မိမိနှင့်အတူ ထပ်တူထပ်မျှ အကျိုးစီးပွါး ရှာဖွေမျှဝေခံစားခြင်းစသည့် မင်္ဂလာနှင့် အညီ ကျင့်ကြံလုပ်ကိုင်
နေထိုင်သွားကြရန် အထူးလိုအပ်လှပေသည်။သို့မှသာလျှင် မိမိ အမျိုးသားရင်ကြားစေ့
စည်းလုံးညီညွတ်မှုကို ရရှိကာ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်ကောင်း အသီးအပွင့်များ ခံစားရမည်ဖြစ်ပါသည်။´ဒေါင်းငှက်က အမြီးကိုချစ်၊ လူကအမျိုးကိုချစ်´ဟူသည့်
ကရင်စကားပှုံနှင့်အညီ စစ်မှန်သော မျိုးချစ်သူတို့ နှလုံးသား၌
ကိန်းဝပ်များပြားစေပြီး မြင့်မြတ်သော အမျိုးသားရေး စိတ်ဓာတ်ကောင်းတို့ဖြင့် မိမိတို့၏
စာပေ၊ယဉ်ကျေးမှု၊ အနုပညာ၊ အတတ်ပညာ၊ ရိုးရာဓလေ့များ သူများထက
် အောက်မကျရလေအောင် တင့်တင့်တယ်တယ် ရပ်တည်နိုင်မည်ဖြစ်ပါသည်။
ရှင်တောပျော် (တောင်ကလေး)
(၁၀)နှစ်ပြည့် ကရင်စာပေသင်တန်း အထိန်အမှတ် (ဒုံလီကျေးရွာ)မဂ္ဂဇင်းမှ ပြန်လည်ဖော်ပြပါသည်။

လူမျိုးပျောက်ကွယ်သွားမှာ စိုးရွံ့လှပါသည်

ကရင်လူမျိုးများ၏ ဘိုးဘေးများသည် သရာစောအောင်လှရေးသော The Karen History ကရင့်ရာဇ၀င် သမိုင်းအရ ဘီစီ ၂၂၃၄-ခုနှစ်တွင် ဘာဘုလုန်( Babylon) မှ ထွက်လာကြပါသည်ဟု ဆိုပါသည်။
အများလက်ခံထားသည့် တူညီချက်တစ်ချက်မှာ ထီးဆဲ့မဲ့ယွား (ရေထိုးသဲစီး) ဒေသမှ လာကြသည်ပင် ဖြစ်ပါသည်။ဘိုးဘေးတွေက သား၊မြေး၊မြစ်တွေကို တစ်ဆင့်ပြောပြချက်အရ အတည်ပြုထားခြင်း ဖြစ်ပါသည်။
အများလက်ခံထားသည့် နောက်အချက်တစ်ချက်မှာ ကရင်လူမျိုးများ မြန်မာပြည်ထဲသို့ နောက်ဆုံး ၀င်ရောက်လာကြသော ခုနှစ်သက္ကရာဇ်မှာ ဘီစီ ၇၃၉ -ခုနှစ်ဟု သတ်မှတ်ထားကြပါသည်။ဒါကြောင့် စထွက်လာကြသောအချိန်မှ မြန်မာပြည်ထဲသို့ နောက်ဆုံးဝင်ရောက်လာကြသည့်အချိန်သည် နှစ်ပေါင်း ၁၄၉၅-နှစ်(၂၂၃၄-၇၃၉ =၁၄၉၅ -ခုနှစ်)ဖြစ်ပါသည်။တစ်ခါ ယခုအင်္ဂလိပ်ပြက္ခဒိန် ဂရီးဂေးရီယန်ကလင်ဒါ (Gregarian calendar)ပြက္ခဒိန်နှစ်သည် အေဒီ ၂၀၀၈-ဖြစ်၍ ခရစ်တော်မပေါ်မီ ၇၃၉-ခုနှစ်နှင့် ခရစ်တော်အသေခံပြီး ၂၀၀၈-နှစ်တို့ပေါင်းလျှင် မြန်မာပြည်ထဲ ၀င်ရောက်ပြီးနှစ်မှာ ၂၇၄၇-ခုနှစ် ကျော်လာပြီးဖြစ်သည်။
ဆိုလိုသည်မှာ လွန်ခဲ့သောနှစ်ပေါင်း (၄၀၀၀)ကျော် (၅၀၀၀)က ထီးဆဲ့မဲ့ယွာမှ ထွက်လာသည့် အချိန်မဆိုထားနှင့် မြန်မာပြည်ထဲရောက်ချိန် နှစ်ပေါင်း(၂၀၀၀)ကျော် (၃၀၀၀)နီးပါးရှိလင့်ကစား ကရင်ဘာသာစကား၊ယဉ်ကျေးမှုဓလေ့ထုံးစံ၊ အနုပညာ၊ ဆင်ယင်ထုံးဖွဲ့မှုများ၊ မပျောက်အပျက်ဘဲ ယခုအထိရှိနေခြင်းသည် အဘယ်ကြောင့်နည်း။
ဘိုးဘေးများသည် လူမျိုးကိုချစ်သောစိတ်ကြောင့် တစ်စုတစ်စည်းထဲ စည်းစည်းလုံးလုံး နေကြပြီး ၄င်းတို့ဘာသာစကား ယဉ်ကျေးမှု၊ အနုပညာ၊ ဆင်ယဉ်ထုံးဖွဲ့မှု၊ ဓလေ့ထုံးစံများကို ချစ်မြတ်နိုးစွာဖြင့် တန်ဖိုးထား ထိန်းသိမ်းစောင့်လျှောက်၊ လက်ဆင့်ကမ်းပေးကြလို့ ယနေ့ထိတိုင် ကရင်ဘာသာစကား၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဆင်ယင်ထုံးဖွဲ့မှု ဓလေ့ထုံးစံများ ဆက်လက်တည်ရှိနေခြင်းပဲ ဖြစ်ပါသည်။ရှေးဘိုးဘေးများသည် ၄င်းတို့၏ တာဝန်များကို ကျေပွန်စွာ ထမ်းရွက်သွားကြသူများ ဖြစ်ကြပါသည်။
ယခုခေတ်တွင် ကမ္ဘာတစ်ဝှမ်း ခေတ်များ စနစ်ပြောင်းလဲလာပြီး အသိပညာ၊ အတတ်ပညာများ တိုးတက်လာသည်နှင့်အမျှ ကရင်လူမျိုးများသည်လည်း ခေတ်ရေစီးကြောင်းနှင့်အတူနောက်ကျ မကျန်ရစ်ခဲ့ရလေအောင် ကြိုးစားရုန်းကန်လှုပ်ရှားရင်း တစ်နေ၀င်တစ်နေထွက် ၊ မိုးလင်းမိုးချုပ်အထိ မိမိဘာသာစကားပြောဆိုရန် အကြောင်းမရှိပဲ ဖြစ်နေကြပါသည်။ကလေးလူငယ်ကျောင်းသားများ၊ အလုပ်လုပ်ကိုင်သူများအားလုံး မြန်မာစကားသာလျှင် သုံးနှုန်းပြောဆိုသည့်အတွက် မိမိနေအိမ်ရောက်သောအခါတွင်လည်း မိမိဘာသာစကားကို မပြောဆိုကြတော့ပါ။
ခရစ်ယာန်ဘုရားကျောင်းများတွင်လည်း ကရင်စကားနားမလည်သူများကို ငဲ့ပြီး တစ်လတစ်ကြိမ် မြန်မာလို တရားဟောရာမှ တစ်လနှစ်ကြိမ် တစ်လသုံးကြိမ်ကနေ ကရင်လို တစ်လတစ်ကြိမ် ဟောပြောသောအနေအထားသို့ ရောက်ရှိနေပြီးအချို့ ကရင်ဘုရားကျောင်းများ မြန်မာလိုသာ ဟောပြောနေသည့် အနေအထားသို့ ရောက်ရှိသွားပြီုးဖြစ်ပါသည်။ စကော ကရင်ဘုရားကျောင်းတွင်သာမက ပိုးဘုရားကျောင်းများမှာလည်း မြန်မာလို ဟောပြောနေကြတော့သည်။ အဘယ့်ကြောင့်ဆိုသော် ကရင်လိုတရားဟောလျှင် နားမလည်သူများသောကြောင့်ဖြစ်ပါသည်။
တစ်ခါက ကရင်ရွာကြီးတစ်ရွာတွင် ကျွန်တော်တရားဒေသနာတော် ဝေငှတိုက်တွန်းနှိုးဆော်မှု အချိန်ယူခွင့်ရခဲ့ပါသည်။ ကျွန်တော်စကောကရင်လို ဟောပြောနေချိန်တွင် တရားဟောဆရာမှ အချို့အသင်းသားများ ကရင်စကားနားမလည်ကြသဖြင့် မြန်မာလို အစအဆုံးဘာသာပြန်ပြောကြားရပါသည်။ တစ်ကြိမ်တွင်လည်း ကျွန်တော် ညောင်တုန်းဘက်တွင် အသက်(၃၀)ကျော်(၄၀) ခန့် လူလတ်ပိုင်းနှစ်ဦးနှင့် တွေ့ပါသည်။အသားအရောင်ဖြူသဖြင့် ကရင်အမျိုးသားတွေလားဟု မေးမိပါသည်။ ၄င်းတို့မှာ အဘိုးအဘွား၊ အမေ အဖေ ကရင်များဖြစ်ကြောင်း ၄င်းတို့လည်း ကရင်စကားမပြောတတ်၊ မပြောကြကြောင်း၊ မိမိတို့လည်း ကရင်စကားလုံးဝ မတတ်ပါကြောင်း၊ မိမိတို့ကိုယ် မိမိ ကရင်ဟုခံယူထားသော်လည်း ကရင်စကားမတတ်သဖြင့် လုပ်ကရင်များ ဖြစ်နေပါသည်ဟု ကျွန်တော်အား ပြန်လည်ပြောပြပါသည်။ ကျွန်တော့်မှာ ဖြစ်နေသည့် အခြေအနေအပေါ် စိတ်မကောင်းဖြစ်မိကြောင်း၊ သားသမီးများ ကရင်စကားတတ်မြောက်ရန်အတွက် နွေရာသီ ကရင်စာပေသင်တန်းများ ပြန်ဖွင့်ပေးသင့်ကြောင်း၊ အကူအညီလိုပါက ပြောပါရန် ပြန်လည်ပြောပြရုံသာ ပြောပြနိုင်ပြီး တခြားဘာမှ အကြံမပြုနိုင်တော့ပါ..။ဘာသာစကားနှင့် ယဉ်ကျေးမှု ပျောက်ပျက်လျှင် လူမျိုးပါ ပျောက်သွားပါသည်ဟု အဆိုရှိပါသည်။
၂၀၀၂-ခုနှစ်၊ သြဂုတ်လ (၁၂) ရက်ထုတ် Newsweek စာစောင်တွင် ယခုအခါ ကမ္ဘာပေါ်ရှိ ဘာသာစကားပေါင်း(၆၀၀၀) အနက် တစ်ဝက်ခန့် အနှစ်တစ်ရာအတွင်း တိမ်ကောပျောက်ကွယ်သွားမည်။ လက်ရှိတွင် နှစ်စဉ် ဘာသာစကားပေါင်း(၂၅)မျိုး တိမ်ကောပပျောက်နေသည်ဟု ဆိုပါသည်။ တစ်ဖန် ၂၀၀၂-ခုနှစ် ဇွန်လ(၂၄) ရက်ထုတ် Time Magazine တွင်လည်း ၂၀၅၀-ခုနှစ်တွင် ယခုရှိနေသည့် ဘာသာစကားအနက် တစ်ဝက်သာ ကျန်တော့မည်ဟု ဆိုပါသည်။
သို့ဖြစ်ပါ၍ နှစ်စဉ်တိမ်ကောပပျောက်နေသည့် ဘာသာစကား(၂၅) မျိုးတွင် မပါရလေအောင် ၂၀၅၀-ခု ရောက်ရှိချိန်တွင် ပပျောက်သွားမည့် ဘာသာစကား (၃၀၀၀)အထဲတွင် ကရင်ဘာသာစကား မပါသွားရလေအောင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမည်နည်း။ ကျွန်တော်တို့၏ Life of action လုပ်ဆောင်မှုလမ်းကြောင်း ဘယ်လို ရေးဆွဲလုပ်ကိုင်ကြမည်ကို သတ်မှတ်လုပ်ကိုင်ရန် အချိန်ကျရောက်နေပါပြီ။
ဆေးလိပ်သောက်ခြင်းသည် မကောင်းပါဟု ပြောရုံနှင့် မပြီးပါ၊ ဆေးလိပ်ဖြတ်ဖို့ နည်းလမ်းဖော်ထုတ် ရှာဖွေပေးဖို့ရန်လည်း အထူးလိုအပ်ပါသည်။ ယခုကရင်လူမျိုးအား ခွဲခြမ်းစိတ်ဖြာကြည့်လျှင် လေးမျိုးလေးစား ရှိပါသည်။
၁။ တစ်မျိုးတစ်စားမှာ စကားနားလည်၊ စကားပြောတတ်၊ ရေးတတ်ဖတ်တတ်သည်။
၂။တစ်မျိုးတစ်စားမှာ စကားနားလည်၊ စကားပြောတတ်၊ မရေးတတ်မဖတ်တတ်ပါ။
၃။ တစ်မျိုးတစ်စားမှာ စကားနားလည် ၊ စကားမပြောတတ်၊ မရေးတတ်၊ မဖတ်တတ်ပါ။
၎။ နောက်ဆုံး တစ်မျိုးတစ်စားမှာ စကားလည်း နားမလည်၊ မပြောတတ်၊ မရေးတတ် မဖတ်တတ်ပါ။
မိမိဘယ်အမျိုးအစားထဲပါသလဲ ၊ ပြန်လည်ဆန်းစစ်ကြည့်နိုင်ပါသည်။ အမှတ်စဉ်(၄) တွင် ပါဝင်ပါက ရှေ့တစ်ပိုဒ်က ဆိုသကဲ့သို့ လုပ်ကရင်များသာလျှင် ဖြစ်ပါလိမ့်မည်။ သို့ပေမယ့်လည်း ကိစ္စမရှိပါ..။ အမှတ်စဉ် ၁.၂.၃ .၄ကို ၄.၃.၂.၁ ဖြစ်ဖို့ရန် ကိုယ်တိုင် ကြိုးစားယူရပါမည်။ မည်ကဲ့သို့ လုပ်ဆောင်မည်နည်း၊ တစ်ဦးတစ်ဖွဲ့လုပ်လျှင် ထိရောက်မှု နည်းမည်ဖြစ်ပါသည်။ ကရင်လူထုတစ်ရပ်လုံးက နိုးကြားတက်ကြွစွာ ပါဝင်ပါမှ မြန်မြန်အကောင်အထည် ပေါ်လာမည်ဖြစ်ပါသည်။ ဒါကြောင့် ကရင်အမျိုးသားတိုင်း တစ်ဦးနှင့် တစ်ဦးတွေ့ဆုံလျှင် ကရင်လိုနှုတ်ခွန်းဆက်ပြီး ကရင်လိုပြောဆိုရာက စသင့်ပါသည်။ မိမိအိမ်တွင်လည်း ကရင်လိုပြောကြရပါမည်။ အခမ်းအနား ပွဲများတွင် ကရင်လိုပြောရပါမည်။ နားမလည်သူများပါလာလျှင် မြန်မာလို တွဲပြောလို့ ရပါသည်။ ခရစ်ယာန်ဘုရားကျောင်းများနှင့်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများတွင်လည်း နွေရာသီ ကရင်စာပေသင်တန်းများ ဖွင့်လှစ်ပေးရပါမည်။ ခရစ်ယာန်ဘုရားကျောင်းများတွင် တနင်္ဂနွေနေ့ ဥပုသ်စာဖြေကျောင်း၌ ကရင်ဘာသာစကားပြောပေးရပါမည်။ ကရင်လို မဟောမပြောသည့် အနေအထားမှ တစ်လတစ်ကြိမ် ကရင်လို ဟောပေးမှု ပြန်လည်ပြုလုပ်ပြီး နောက်တစ်လနှစ်ကြိမ်၊ တစ်လသုံးကြိမ်ကနေ အပတ်တိုင်း ကရင်လိုဟောပြောပြီး မြန်မာလို လိုအပ်လျှင် အတိုချုပ်ဟောပြောပေးရမည်ဖြစ်ပါသည်။ ကရင်လူမျိုးအားလုံး ကရင်စကားတတ်မြောက်ရေးသည် ကရင်လူထုတစ်ရပ်လုံးမှ နိုးကြားတက်ကြွစွာဖြင့် အသိစိတ်ဓာတ် အပြည့်အ၀ဖြင့် ၀ိုင်းဝန်းဆောင်ရွက်ကြရန် အထူးလိုအပ်လှပါသည်။
ကရင်စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဆင်ယင်ထုံးဖွဲု့မှု ဓလေ့ထုံးစံများကို လေးစားချစ်ခင် ထိန်းသိမ်းနိုင်ပါမှ ကမ္ဘာတည်သရွေ့ လူမျိုးများတည်ရှိနေမည်ဖြစ်ပါသည်။
ကရင်စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဆင်ယင်ထုံးဖွဲ့မှု ဓလေ့ထုံးစံများ ပျောက်ကွယ်သွားပါလျှင် နောင်တစ်ချိန်တွင် လူမျိုးပါ ပပျောက်သွားမှာကို စိုးရွံ့လှပါသည်။ ထို့ကြောင့်
သိမ်ဖောင်လောင်းလဂင်း၊ ၀ါဖောင့်လောင်းသဂင်း၊
အလဲမွဲပါ နန့်ဆိတ် ပဆခိဆလား၊
သေပိုးလူးတဂေး ၀ါဖိုလူးတဂေး ကညောကလူကဟားမား….။
သစ်ကိုင်းကျိုးသံကြားတိုင်း လိုက်မယောင်နှင့်၊ ၀ါးကွဲသံကြားတိုင်း လိုက်မယောင်လေနှင့်
မိမိတို့ရဲ့ မူရင်းယဉ်ကျေးမှု ဓလေ့နှင့် မျိုးနွယ်များ၊ ပျောက်ကွယ်သွားလိမ့်မည်။
ဟူသော ရှေးကရင်ဘိုးဘွားတို့၏ ဤသို့ ထား လင်္ကာဖြင့် ဆုံးမလမ်းညွန်မှုကို ဂရုပြုအလေးထားရပါမည်။
ကရင်လူမျိုးတိုင်း ကရင်စကားတတ်မြောက်စေရန်နှင့် ကမ္ဘာတည်သရွေ့ ကရင်လူမျိုးတည်ရှိနေစေရန် ရည်ရွယ်လျက်….။

ဖူးဖူး ဆာတူဝေါ
(ဗဒိုစောထွန်းအောင်မြင့်)

လူမျိုးစုနဲ့နိုင်ငံမဲ့များအရေး

လမ်းသရဲမလေး(http://www.blogger.com/)
ကမ္ဘာပေါ် လူမျိုးစုတို့ စုပေါင်းနေထိုင်ရာ ကို အစွဲပြုပြီး နိုင်ငံ တစ်နိုင်ငံရယ် လို့ မည့်ခေါ်ကြတဲ့ အတွက် နိုင်ငံပေါင်းများစွာ ဖြစ်ပေါ်တည်ရှိနေပါတယ် ။ ဒါပေမယ့် နိုင်ငံတိုင်း မှာ လူမျိုးတမျိုးဘဲ နေထိုင်တာ မဟုတ်ဘဲ အများအပြားနေထိုင် ကြတာ ရှိတဲ့ အတွက် လူမျိုးများ အနေနှင့် နိုင်ငံ အရေအတွက် ထပ် များပြားနေပါတယ်။

ဒါကိုကြည့်ရင် လူမျိုးတိုင်းဟာ မိမိတို့ ဘိုးစဉ်ဘောင်ဆက် နေထိုင်ရာ ဒေသ(နိုင်ငံ) ရှိကြတာချည်းပဲ လို့ ဆိုရပါမယ် ။ မည်သူတဦးတယောက် ကမှ နိုင်ငံမဲ့ မွေးဖွားလာတာ မဟုတ်ပါဘူး ဆိုတာ ထင်ရှားပါတယ် ။ မိမိတိုပမွေးဖွားရာ ဒေသရှိ ပြီးမှ အကြောင်းကြောင်း ကြောင့် ကမ္ဘာအနှံ့အပြား ရောက်ရျိနေကြပြီး နိုင်ငံ မဲ့ ဖြစ်ရတဲ့ သာဓကတွေ ရှိပါတယ် ။

ဒါပေမယ့် နောက်ဆုံးမှာ မိမိတို့ ဇာတိဒေသ မှာ နိုင်ငံပြန်လည်ထူထောင် နိုင်တဲ့ အတွက် ကြောင့် နိုင်ငံမဲ့ ဘဝက လွတ်မြောက်သည့် သာဓက အဖြစ် အစ္စရေး နိုင်ငံ ကို လက်တွေ့မြင်နိုင်ပါတယ် ။ အလားတူ ပါလက်စတိုင်း လူမျိုးတို့လည်း လတ်တလော နိုင်င့ မဲ့ ဘဝ ရောက်နေပေမယ့် မကြာမှီ ကိုယ်ပိုင် နိုင်ငံ ထူထောင်နိုင်မှာ မလွဲပါဘူး ။


ဒါပေမယ့် ကမ္ဘာအရပ်ရပ်မှာ လူမျိုးတမျိုး ပါလို့ သတ်မှတ် အခေါ်ခံရပြီး နိုင်ငံ ပျောက်နေတဲ့ (သို့မဟုတ်) နိုင်ငံမဲ့ ဘဝရောက်နေတဲ့ လူမျိုးအများအပြားလည်း ရှိနေပါသေးတယ် ။ ကောင်းပါပြီ ဒီလူမျိုးတွေဟာ နိုင်ငံ မရှိ ငြားလည်း ကမ္ဘာပေါ် မှာ နေစရာ အမိုးအကာ ၊ စားစရာ အစားအသောက် ၊ ဝတ်စရာအဝတ်အထည် ရရှိပြီး ၊ အသက်ရှင် နေထိုင်ကြတဲ့ အတွက် နိုင်ငံ မရှိတော့ ဘာအရေးလဲ လို့ သဘောထား တွေးမိသူတွေ ရှိနိုင်ပါတယ် ။ ကောင်းပါပြီ အကယ်၍ ထိုအတွေး ရှိသူ ထိုအတွေး ကို လက်တွေ့ဆန်ဆန် ပြောနေသူ တွေ ဟာ လုံးဝမမှန်နိုင်ပါဘူး ။

အများသိကြတဲ့အတိုင်း ကမ္ဘာကြီးဟာ မြေပြင်သာမက ရေပြင်၊ လေပြင်ကိုပါ ခွဲခြမ်းပြီး နိုင်ငံအသီးသီး ရဲ့ပိုင်နက်နယ်နမိတ် ထဲသတ်မှတ်သွတ်သွင်းပြီး သားဖြစ်နေပါတယ်။ အဲဒီသီးခြားစီ သတ်မှတ်နိုင်ငံ နယ်ပယ်ထဲမှ ထိုနိုင်ငံသားလိုသတ်မှတ် ခံနိုင်တယ်။ အဲဒီနိုင်ငံ သားလို့ သတ်မှတ်ခံရမှသာ အဲဒီနိုင်ငံက ပြဌာန်းသတ်မှတ်ထားတဲ့ အခွင့်အရေးအဖုံဖုံ ကို ရယူခံစားနိုင်ခွင့်ရှိတယ်။ ဒါကြောင့် နိုင်ငံတနိုင်ငံရဲ့ နိုင်ငံသား အဖြစ်မခံရသူ (သို့မဟုတ်) နိုင်ငံမဲ့ ဖြစ်နေသူ လူမျိုးတို့ဟာ မျောက်သစ်ကိုင်းလွတ်သလိုနေ စရာ မဲ့တွေ ဖြစ်နေကြရတယ်။ လူဘဝဆုံးရရှာတယ် လို့တောင် ပြောနိုင်တယ်။ မိမိခိုကပ်နေရတဲ့ နိုင်ငံ နဲ့နိုင်ငံသားတို့ သနားမှသာ အသက်ရှင်နိုင်တဲ့ ဘဝဖြစ်ရရှာတယ်။ ဒါကြောင့် ကမ္ဘာအရပ်ရပ် မှာ အကြောင်းကြောင်း အမျိုးမျိုး နဲ့ နိုင်ငံမဲ့ ဘဝရောက်နေတဲ့ လူမျိုးတို့မှာ သနားစရာ အလွန်ကောင်းပါတယ်။

မျက်မှောက်ကာလ ကမ္ဘာ အဲဒီလို နိုင်ငံမဲ့ လူမျိုးဘဝရောက်ကြရတဲ့ အကြောင်းအရင်းကို ရှာဖွေတဲ့ အခါ အဓိက တွန်းအားပေးတဲ့ အချက်အချို့ကို ရှာတွေ့ကြရတယ်။ ထိုအချက်တို့မှာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ အခြေအနေ အလွန်ရှုပ်ထွေး ပြင်းထန်ပြီး ရုတ်တရက် ပေါက်ကွဲ ဖြစ်ပေါ် ပြောင်းလဲ သွားတဲ့ နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲမှုကြောင့် လည်း သက်ဆိုင်သလို ဥပမာ ဆိုဗီယက်ဆိုရှယ်လစ်ပြည်ထော င်စု သမ္မတနိုင်ငံ နှင့် ယူဂိုဆလားဗီးယား ဆိုရှယ်လစ်ပြည်ထောင်စု နိုင်ငံ တို့ ပြိုကွဲသွားတဲ့ အဖြစ်မျိုး ။ ဒါ့အပြင် လူမျိုးရေး ကိစ္စ ၊ ဓနဥစ္စာ ပိုင်ဆိုင်မှု ကိစ္စ ၊ ကလေးသူငယ် များ နှင့် အမျိုးသမီးများ အခွင့်အရေး ပြဿနာများ စသည့် တို့အပေါ် အမြင်သဘောထားများ ကွဲပြားခြင်း တို့ကြောင့် တကြောင်း ။ ပြီးတော့ မတူခြားနားတဲ့ လူမျိုးစုများ အကြား အင်အား၊ အာဏာ ၊ ချိန်ခွင်ညှာ ပြိုင်ကြခြင်း ကြောင့် တကြောင်း စတဲ့ အကြောင်းတွေ ကြောင့် နိုင်ငံမဲ့ ဘဝများဖြစ်ပေါ်လာခဲ့ကြရတယ်။

လူမျိုးရေးကိစ္စ နှင့်ပတ်သတ်ရင် ဥပမာ ခရိုင်မီးယား နယ်ဖွား တာတာလူမျိုး TARTARS ၂၅၀§٫၀၀၀ ကျော်တို့ဟာ ၁၉၄၄ခု နှစ်တုန်းက ဆိုဗီယက်နိုင်ငထဲံက ကွန်မြူနစ်ခေါင်းဆောင် ̏စတာလင်̋ မောင်းထုတ်လိုက်တဲ့ အတွက် ပြည်ပနိုင်ငံများမှာ နိုင်ငံမဲ့ ဘဝနဲ့ ဆယ်စုနှစ်များစွာ နေခဲ့ကြရတယ်။ ၎င်းတို့လိုပဲ ကမ္ဘာအရပ်ရပ် မှာ နိုင်ငံမဲ့ ဘဝနဲ့ ရောက်ရှိနေတဲ့ သူတွေ အများအပြား ရှိနေပါတယ် ။ သူတို့ရောက်နေတဲ့ နိုင်ငံက လည်း ၎င်းတို့ကို နိုင်ငံသား အဖြစ် အသိအမှတ်မပြု ကြပါဘူး ။ ဒါကြောင့် ၎င်းတို့ဟာ နိုင်ငံတကာ က တရားဝင်ပေးထားတဲ့ အခွင့်အရေးတွေ ဖြစ်တဲ့ ကျမ်းမာရေး ခံစားခွင့် ၊ ပညာသင်ကြားခွင့် ၊ နိုင်ငံရေး သက်ဝင်ယုံကြည်ခွင့် ၊ လွပ်လပ်ခွင့် စတာတွေ ကိုအနည်းဆုံး ခံစားရတာက လွဲပြီး အပြည့်အဝ ဘာမှ မရရှိကြဘူး ။

ကိုယ်ရောက်နေတဲ့ နိုင်ငံမှာ ဧည့်သည်ဖြစ်နေတဲ့ အတွက် ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်မရှိကြဘူး ။ မြို့ပေါ်မှာ အလုပ်လုပ်ခွင့်မရှိကြဘူး ။ အနိမ့်ဆုံး လယ်ယာလုပ်သားတေါ အဖြစ်တောင် တရားဝင်လုပ်ခွင့်မရကြဘူး ။ အခန်းကျဉ်လေးထဲမှာ စုပေါင်းနေထိုင်နေကြရတယ် ။ ဆေးဝါးတရားဝင် ကုသခွင့်မရကြဘူး ။ ဆေးမြစ်ရှာ ဆေးဝါးဖော်စပ် သုံးစွဲနေကြရတယ် ။ သေတော့လဲ သိက္ခာရှိရှိ မသေကြရဘူး ။ တရားဝင် စာရွက်စာတမ်း မရှိရင် မြေမြုပ်ခွင့် ရဖို့ သင်္ဂြိုလ်ခွင့်ရဖို့ ခက်ကြရတယ် ။

ဆိုဗီယက်ယူနီယံ ပြိုကွဲ ပြီးနောက် လွပ်လပ်တဲ့ ယူကရိန်းနိုင်ငံ နဲ့ ဥဇဘက်ကစ္စတန်နိုင်ငံ ရယ်လို့ ပေါ်ထွက်လာခဲ့တယ် ။ တာတာတို့ဟာ ထို့အခါကျမှ သူတို့ ဘိုးဘွားဘီဘင် နေထိုင် ခဲ့တဲ့ ဇာတိမြေ ကို ပြန်ခွင့်ရကြတယ် ။ ပထမတသုတ် ၁၇٫၀၀၀ ပြန်လာတဲ့ အထဲ က တချို့ ယူကရိန်း နိုင်ငံသား ခံယူခွင့်ရကြပြီး ။ ကျန်အများစုက ဥဇဘက်ကစ္စတန် နိုင်ငံသား အဖြစ် ခံယူခွင့်ရကြတယ် ။

တာတာ တို့ဟာ ယူကရိန်းနိုင်ငံရဲ့ သမိုင်းစဉ် မျိုးနွယ်စုဖြစ်တာ မှန်ပေမယ့် ခိုင်မာတဲ့ အထောက်အထား အချက်အလက်တွေ ပြသရန် ခက်ခဲနေတဲ့ အတွက် အားလုံးကိုယူကရိန်းနိုင်ငံ သား အဖြစ် လက်ခံ လိုက်ရန် အကြပ်တွေ့ကြရတယ် ။ ပြန်လာနေတဲ့ တာတာတို့ ကိုယ်တိုင်ကလည်း ဦးနှောက်ခြောက်ရပြန်တာ က ယူကရိန်းနိုင်ငံ သားဖြစ်ဖို့ မသေချာမရေရာသေးတဲ့ အခြေအနေမှာ ရရှိထား တဲ့ ဥဇဘက်နိုင်ငံ သားအဖြစ် ကို စွန့်လွှတ်ရန် စဉ်းစားသင့် မသင့် စဉ်းစားစရတဲ့ ပြဿနာ ကြုံရပြန်တယ် ။

၁၉၉၂-၁၉၉၃ ခုနှစ်တုန်းက ချက်ကိုစလိုဗက်ကီင်္းယား လိုနိုင်ငံ နှစ်ခြမ်းကွဲ ခဲ့ ကြတယ် ။ ချက်သမ္မတနိုင်ငံ နဲ့ စလိုဗက်ကီးယား သမ္မတ နိုင်ငံ ဆိုပြီး နှစ်နိုင်င့ တည်ထောင်ခဲ့ ကြတယ် ။ အဲဒီအခြေအနေ အောက်မှာ နိုင်ငံ သား အချို့ ကြားချန်နေခဲ့ ကြတယ် ။ မဲထည့်တဲ့ အချိန်မှာ ချက်နိုင်ငံ မှာ မဲထည့်ခဲ့ကြတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာ စလိုဗက်နိုင်ငံသား အဖြစ်သတ်မှတ်ခံလိုက်ရတယ် ။ ဒါကြောင့် ချက်နိုင်ငံသား ဖြစ်ခွင့် ရအောင် စလိုဗက်နိုင်ငံ သား အဖြစ်ခံယူပြီး အဲဒီအဖြစ် ကို ပြန်စွန့်လွှတ်ကာ နိုင်ငံ မဲ့ ဘဝ နဲ့ ယာယီနေရမယ် ။ ပြီးနောက်မှ ချက်နိုင်ငံသား အဖြစ် လျှောက်ယူရမယ် လို့ ဆိုတယ် ။ စလိုဗက်နိုင်ငံ အာဏာပိုင်များက ထောက်ခံပေး မှ လျှောက်နိုင်တယ် ။ ဒါပေမယ့် ရမယ် မသေချာသေးဘူး ။ အငြင်းပယ်ခံရရင် နိုင်ငံမဲ့ ဘဝနဲ့ နေရမယ် ကိန်းဆိုက်နေတယ် ။

အာရှနိုင်ငံတွေမှာ လည်း နိုင်ငံမဲ့ ဘဝ နဲ့ ကြုံတွေ့ နေရသူတွေ ရှိသေးတယ် ။ (BOAT PEOPPLE) ဆိုတဲ့ လှေပေါ် အိုးအိမ်ဖွဲ့နေထိုင်သူတွေ နေရာရွှေ့ပြောင်း ခဲ့ကြတဲ့ ၁၉၇၀-နဲ့ ၁၉၈၀ ခုနှစ်တုန်းက ဖြစ်တယ် ။ လူမျိုးတစုဟာ ဗီယမ်နမ်နိုင်ငံကနေ ဟောင်ကောင် ကျွန်းကို ထွက်ပြေးခိုလှုံခဲ့ကြတယ် ။ ဟောင်ကောင် ကျွန်းဟာ တရုတ်ပြည်မကြီး လက်အောက် ပြန်ရောက်တဲ့ အချိန်မှာ ဗီယမ်နမ်က ပြေးလာတဲ့ တရုတ်တို့ဟာ တရုတ်ပြည်မကြီး ဆီ ပြေးဝင် ခိုလှုံပြန်တယ် ။ ဗိယမ်နမ် ကို ပြန်ပြေးခိုလှုံသူ တွေ လဲ ရှိတယ် ။

ဗီယမ်နမ်က ထိုတရုတ် အမျိုးသားတို့ဟာ သူတို့လူမျိုးမဟုတ်တဲ့ အတွက် နိုင်ငံသား အဖြစ်လက်မခံဘဲ ငြင်းဆိုတယ် ။ တရုတ်ပြည်မကြီး ကလည်း (BOATPEOPPLE) တွေကို တရုတ်နိုင်ငံသား အဖြစ်တောင်းဆိုခွင့် မရှိသူများအဖြစ် တရုတ် အစိုးရက သဘေထား ထားတယ် ။ နိုင်ငံသားဖြစ်ခွင့် ငြင်းဆိုခံရတဲ့ အကြောင်းက ဟောင်ကောင်မှာ ထိုသူတို့အနေဖြင့် ဥပဒေနှင့်အညီ နေထိုင်ခွင့်ရသူတွေ မဟုတ်လို့ ဖြစ်တယ်ဟုပြောသည် ။ ထိုသူတို့ ကိစ္စဟာ အလွန်ရှုပ်ထွေး ခက်ခဲလှတဲ့ ပြဿနာ အဖြစ် ကျန်ရစ်နေဆဲ ဖြစ်တယ် ။

နိုင်ငံ တနိုင်ငံမှာ နိုင်င့သား အဖြစ် ခံစားရရှိဖို့ က သမိုင်းကြောင်း ဇစ်မြစ်ဆိုင်ရာကိစ္စတို့ ဆိုတဲ့ တွေခေါ်မြှော်မြင်ချင်းဆို င်ရာ ကိစ္စတွေ ကို ထည့်သွင်းစဉ်းစားကြတယ် ။ တချို့နိုင်ငံမဲ့ လူမျိုးများအတွက် သူတို့ခမျာ သူတို့ရောက်ရှိနေတဲ့ နိုင်ငံ မှာ မျိုးဆက်အလိုက် ကာလ ရှည်ကြာ စွာ နေထိုင်ခဲ့ ပေမယ့် နိုင်ငံသားဖြစ်ခွင့် မရကြဘူး ။ တချို့ကျတော့ နိုင်ငံသား ခံယူခွင့် ပြုခံရပေမယ့် မတည်မြဲကြပြန်ဘူး ။ ဥပမာ အားဖြင့် ၁၉၇၀ ခုနှစ်̏ယူဂန်ဒါ̋ နိုင်ငံမှာ အီဒီယမ်အာမင် တွေ အာဏာသိမ်းလိုက်တုန်းက နိုင်ငံသား ခံယူခွင့် ပြုထားတဲ့ အာရှသား များ နိုင်ငံထဲက ပြန်မောင်းထုတ်ခံရတာမျိုးေ တွ ၊ ဖမ်းဆီးချုပ်နှောင်ခံရတာမျိုးနဲ့  ပစ္စည်းဥစ္စာ တွေ အသိမ်းခံရတာမျိုးတွေ ကြုံတွေ့ခဲ့ကြရတယ် ။

ဆိုဗီယက်ယူနီယံ အုပ်စုနဲ့ အနောက်ဥရောပ အုပ်စုတို့ရဲ့ စစ်အေးတိုက်ပွဲ ကာလတုန်းက လည်း နိုင်ငံ ကို စွန့်ခွာ သွားပြီး နောက် ဘယ်နိုင်ငံသား အဖြစ် မှ ခံယူခွင့်မရကြတဲ့ ရှုမေးနီးယား လူမျိုးတွေ နဲ့ ဆိုဗီယက်လူမျိုးတွေ လည်းရှိသေးတယ် ။ အလားတူ နိုင်ငံရေးပြဿနာများ ကြောင့် နိုင်ငံမဲ့ ဘဝရောက်မေသူတွေ ကမ္ဘ့အနှံအပြားမှာ ရှိနေပါသေးတယ် ။ စာရင်းအတိအကျ မပြုစုနိုင်သေးလို့သာ အရေ အတွက် မသိနိုင်သော်လည်း အမြောက်အမြား ရှိနေကြသည် ။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ ကြီးက ထိုနိုင်ငံ မဲ့လူသားများ ကိစ္စ ကို ကူညီဖြေရှင်းပေးရန် ၁၉၅၄ ခုနှစ်မှာ နိုင်ငံတကာ သဘောတူညီချက်များကို ပြဌာန်းပေးခဲ့ သည် ။ နောက်တဖန် ၁၉၆၁ ခုနှစ် မှာလည်း နိုင်ငံမဲ့ ဘဝတွေ လျှော့နည်းသွားအောင် နိုင်ငံတကာ က ပူပေါာင်းဆောင်ရွက် ကြဖို့ ပြဌာန်းချက် အသစ် များ ချနှတ်ပေးခဲ့သေးသည် ။ ၁၉၇၄ ခုနှစ်မှာတော့ ကုလသမဂ္ဂ ညီလာခံကြီးက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကနိုင်ငံမဲ့ သမား တို့အား အကန့်အသတ်နဲ့ တရားဝင် အကူအညီ ပေးရန် ညွှန်ကြားခဲ့တယ် ။ ဒုတိယ ကမ္ဘာစစ်ပြီး ပြီးနောက် နိုင်ငံ တချို့က လိုက်နာကြပေမယ့် မျက်မှောက်ကာလ မှာ များမကြာမှီ နှစ်ပနည်းငယ် အတွင်းမှာ နိုင်ငံမဲ့ လူသားဘဝ ပြဿနာများဟာ ပိုမိုအာရုံစိုက်စရာ ပြဿနာ တရပ် အဖြစ် ဖြစ်လာပါ့မယ် ။

ဒါကြောင့် ၁၉၉၆ ခုနှစ်က ကမ္ဘ့ာ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက (UNHCR) ရုံးကို လုပ်ပိုင်ခွင့် အာဏာ ကိုချပေးပြီး ကမ္ဘ့ာ အဝန်းမှာ နိုင်ငံမဲ့ လူသားတို့ ဘဝ ပပျောက်ရေး ကိုအလေးပေး ဆောင်ရွက် စေခဲ့တယ် ။ (UNHCR) ရုံးဟာ ယူကရိန်နိုင်ငံ အစိုးရ အာဏာပိုင် တို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် တာတာ လူမျိုးတို့ ရဲ့နိုင်ငံမဲ့ ဘဝ ပြဿနာ ကို ဖြေရှင်းပေးနိုင်ခဲ့ တယ် ။ ၁၉၉၇-၁၉၉၈ ခုနှစ်အတွင်း ပြန်တော် ပြန်လာတဲ့ တာတာ လူမျိုး ၄၅٫၀၀၀ တို့ ယူကရိန်းနိုင်ငံသား ခံယူခွင့်ရသွားတယ် ။ ချက်သမ္မတနိုင်ငံ အစိုးရက လည်း (UNHCR) ရဲ့ မေတ္တာရပ်ခံ ချက်ကြောင့် ချက်လူမျိုး နိုင်ငံမဲ့ ဘဝ ရောက်နေသူတွေ ကို ပြန်လည်စီစစ်ပြီး ချက် နိုင်ငံသား အဖြစ် ပြန်လက္ခံ ရန် စီစဉ်လျှက်ရှိသည် ။

တကမ္ဘာ လုံးဆိုင်ရာ လူအခွင့်အရေး ဆိုင်ရာ ကြေငြာ စာတမ်းမှာ ̏လူသားတိုင်းနိုင်ငံတနိုင်ငံ ရဲ့ နိုင်ငံသားဖြစ်ခွင့် ရှိစေရမယ် ̋ လိုပဖော်ပြထားတယ် ။ နိုင်ငံတိုင်းမှာ နိုင်ငံသား ဖြစ်ခွင့် ဥပဒေများ ပြဌာန်းချက် ရှိနေပါတယ် ။ အစိုးရတို့မှာ နိုင်ငံသား ဖြစ်ခွင့် ပေးအပ်နိုင်ခွင့် ဆိုတဲ့ အရေးပါတဲ့ အခွင့် အာဏာ ရှိပါတယ် ။ ဒါပေမယ့် ကမ္ဘာပေါ်မှာ လူမျိုးရေး ပြဿနာ များ တင်းမာရှုပ်ထွေးနေချိန်မှာ လူစုလူဝေးနဲ့ နိုင်ငံက ထွက်ပြေးကြတဲ့ ကာလမျိုးမှာ အစိုးရ တို့မှာ လူမျိုးတွေကို ကြိုဆိုလက်ခံ ဖို့ ဝန်လေးနေတတ်ကြပါတယ် ။ ဒါကြောင့် နိုင်ငံမဲ့ လူမျိုးများ လူသားများ ပြဿနာ ဟာ အနာဂါတ် ကာလမှာ ဆက်လက်ဖြစ်ပေါ်လာနိုင်စရာရှိပါတယ် သေးတယ် ဟု သတိပေးရင်း နိဂုံးချုပ်ပါတယ် ။ ။


နောင်နောင်

ကရင်ပြည်နယ်နေ့ အကြောင်းတစေ့တစောင်း

(၁၁- ၇- ၂၀၀၉)ခုနှစ်တွင် ကျရောက်သော ကရင်ပြည်နယ်နေ့မှာ (၅၄)ကြိမ်တိုင်ခဲ့ပြီ။ ကရင်ပြည်နယ်နေ့ကို နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျင်းပကြသည်။အခုဆိုရင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ ကရင်ပြည်နယ်နေ့ကို ကျင်းပပြီးစီးခဲ့ပြီ။ ကျင်းပတဲ့နေရာကတော့ ကရင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်သော ဘာအံမြို့၊ မြို့တော်ခန်းမမှာ စီကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်။ ကရင်ပြည်နယ် အရှေ့ဘက်ခြမ်းရှိ မြို့နယ်၊ရွာ အသီးသီးမှ လာရောက် ပါဝင်ဆင်နွဲကြပါတယ်။


ကရင်ပြည်နယ်နေ့မှာ အဓိက စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ကရင်လူမျိုးတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဖြစ်တဲ့ ဒုံးအကကို ကပြဆင်နွဲခြင်းပဲ ဖြစ်ပါတယ်။ ရွာအသီးသီးမှ ဒုံးအဖွဲ့များကို ပြိုင်ပွဲအနေနဲ့ ပါဝင် ကပြ ရပါတယ်။ ကရင်ပြည်နယ်နေ့ကို နိုဝင်ဘာ မတိုင်ခင် တစ်ရက်နှစ်ရက် အလိုမှာ ကြိုပြီး ကျင်းပလေ့ရှိပါတယ်။ ၄-ရက် ၅-ရက်လောက် ကြာတတ်ပါတယ်။ ဒါကြောင့် ဒုံးအဖွဲ့တွေကို ပြိုင်ပွဲအတိုင်ခင်မှာ တစ်လ ကျော်ကျော်လောက် ကြိုလေ့ကျင့်ရပါတယ်။ ပြည်နယ်နေ့ ဒုံးပြိုင်ပွဲကို ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆု စသည်ဖြင့် ဆုများကိုလည်း ပေးအပ်ချီမြင့်လေ့ရှိပါတယ်။ ပြိုင်ပွဲဆုရ အသင်းတွေကို ပြည်နယ်နေ့ရဲ့နောက်ဆုံးရက် ညသန်းခေါင်ယံမှာ တခါတည်း ကြေငြာ၊ ပေးအပ်ချီးမြင့်ပါတယ်။ ကရင်ပြည်နယ်နေ့ကို ရာသီအရ ဆောင်းတွင်းဖြစ်တဲ့အတွက် အေးချမ်းကရင်ပြည်နယ်အရှေ့ဘက်ခြမ်းတစ်ခွင်လုံး ပျော်ပျော်ရွှင်ရွှင် လာရောက်အားပေး ဆင်နွဲကြပါတယ်။ နောက်ပြီး ပွဲတော်ရက်အတွင်းမှာ ပူးတွဲပြီးတော့ ဈေးပွဲတော်၊ ဇာတ်ပွဲ၊ မျက်လှည့်ပွဲစတဲ့ ဖျော်ဖြေရေး ပျော်ပွဲရွှင်ပွဲများလည်း စီကားစွာ တွေ့မြင်နိုင်ပါတယ်။

ဒါကြောင့် အခုဆိုရင် (၅၄) ကြိမ်မြောက် ကရင်ပြည်နယ်နေ့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ( ၁၁) ရက်နေ့က ကျင်းပပြီးစီးသွားရာ ကရင်တို့ရဲ့ ရိုးရာဒုံးအက ပြိုင်ပွဲကို မြ၀တီမြို့နယ် ဒုံးအသင်းက ပထမ၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကိုယ်စားပြု ဒုံးအသင်းက ဒုတိယဆုနဲ့ လှိုင်းဘွဲ့မြို့နယ်ကိုယ်စားပြု ဒုံးအသင်းက တတိယဆုတို့ အသီးသီး ဆွတ်ခူးရရှိသွားကြကြောင်းသိရပါတယ်…။ စတုတ္ထနေရာကတော့ ဘားအံမြို့နယ် ကိုယ်စားပြု ပေါ့ထော်ကျေးရွာ ဒုံးအသင်း ရသွားပါတယ်..။ဒီကရင်ပြည်နယ်နေ့ဟာ နေ့ထူးနေ့မြတ်အဖြစ် မသတ်မှတ်နိုင်ပေမယ့် ကရင်တို့ရဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို အားလုံးမဟုတ်သည့်တိုင် တစိတ်တဒေသအားဖြင့်တော့ ဆင်နွဲခွင့်ရတာ အမှန်ပါ။ဒါကြာင့် ကရင်ပြည်နယ် အရှေ့ဘက်ခြမ်းတခွင်မှာ
နှစ်စဉ်နှစ်တိုင်း ကရင်ပြည်နယ်နေ့ကို ကျင်းပလေ့ရှိပါတယ်။ဘာပဲဖြစ်ဖြစ် ကရင်ပြည်နယ်နေ့ကို ကျင်းပပြီးစီးခဲ့ပြီ။
ကရင်ပြည်နယ်နေ့ ဖြစ်ပေါ်လာပုံကို အလျဉ်းသင့်သလို တင်ပြသွားပါမည်..။ သမိုင်းဆိုတာ သိထားသင့်တယ် မဟုတ်ပါလား..။